
ဒီတစ်လအတွက် အကြိုက်ဆုံး website နေရာလေးကိုညွှန်းရမယ်ဆိုရင် ဧရာဝတီ အထူးကဏ္ဍလို့ဆိုရမှာပါ။
ဇွန်လရဲ့ ထူးခြားတဲ့နေ့လေးတနေ့ဖြစ်တဲ့ ၁၉ ရက်နေ့လေးဟာ မြန်မာပြည်သူတွေရဲ့ အလင်းရောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄နှစ်ပြည့်မြောက်တဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့လေးကို မှတ်မှတ်ရရ
သတိတရမွေးနေ့ပွဲလေးတွေစီစဉ်ကြ၊ ချစ်သောမေတ္တာတွေပို့လွှတ်ဆုတောင်းပေးကြနဲ့ အားလုံးရဲ့တခုတည်းသောဆန္ဒကို
နည်းပေါင်းစုံနဲ့ ဖော်ပြနေကြပါတယ်။
ဒီထဲကမှ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၆၄ နှစ် ပြည့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အမှတ်တရ အထူးအစီအစဉ် ခေါင်းစဉ်နဲ့ စာဖတ်သူတွေရဲ့ အနုပညာလက်ရာတွေစုပေးထားတဲ့ အနုပညာဘဏ်တိုက်လေးမှာ အမေစုပုံတွေကို ရသမျိုးစုံကိုအားပါးတရခံစား ရမှာပါ။
ရင်ထဲက သိမ်းထား အနုပညာတွေ၊ ပန်းချီကောက်ကြောင်းတွေကို တနေရာထဲမှာခံစားလို့ရနိုင်မယ့်နေရာလေးတခုဆိုရင်လဲမမှားပါဘူး လို့ဆိုပါရစေ။ ။
- ဒီနေရာမှတဆင့်သွားနိုင်ပါတယ် http://www.irrawaddy.org
No comments:
Post a Comment