လာလည်အုံးနော်

လာလည်နော်

Wednesday, January 28, 2009

ကြိုး

လူ့ဘ၀ဆိုတာတကယ်တော့သံယောဇဉ်ဆိုတဲ့ကြိုးတွေနဲ့ တည်ဆောက်ထားတာပါ
အငိုနဲ့စခဲ့တဲ့လူ့ဘ၀ကိုအငိုနဲ့ဆုံးခဲ့ရတာလဲဒီကြိုးတွေကြောင့်ပါပဲ
ရခဲ့တဲ့လူ့ဘ၀မှာရှေးရေစက်တွေကြောင့်စုံကြ၊ တွေ့ကြ၊ ချစ်ကြ၊ မုန်းကြ နဲ့
သံသရာလည်နေခဲ့ကြတယ်
ဒီကြိုးတွေကြောင့်ပဲ လူဖြစ်ရတာအဓိပ္ပယ်ရှိနေခဲ့ကြတယ်
ဘ၀ရဲ့နောက်ဆုံးအချိန်မှာတောင်ဒီကြိုးလေးတချောင်းကို
စွဲလန်းစိတ်ကြောင့်နဲ့လဲ ပြိတ္တာဘ၀ကိုရောက်သွားနိုင်ပါတယ်
ဖြတ်ရခက်တဲ့ဒီကြိုးတွေရှိနေသမျှတော့ ဘ၀ဆိုတာလဲရှင်သန်လျှက်ရှိနေရအုံးမှာပေါ့

Friday, January 23, 2009

သံယောဇဉ်


ဘယ်သူမှနှောင်ဖွဲ့ခြင်းမရှိပဲ
တင်းကျပ်စွာ ကိုယ်တိုင်ရစ်ပတ်ထားခဲ့တယ်
ဖြေလျှော့စရာရှိတာတောင် ဟင့်အင်း လို့ကိုယ်ငြင်းခဲ့တယ်
တဒင်္ဂတောင်တွေဝေဖို့ ကိုယ်မစဉ်းစားကြည့်မိဘူး
တခါတခါ နာကျင်ခဲ့ တယ် ပျော်ရွှင်ခဲ့တယ် အင်းအားဖြစ်ခဲ့တယ်
လွင့်ချင်တိုင်းမျောလွင့်ခွင့်မရှိအောင်ချည်နှောင်ထားခဲ့တယ်
ဒီလိုနဲ့
တရစ်ပြီးတရစ်နှောင်
တကြိုးပြီးတိုးတဲ့ဒီကြိုးတွေနဲ့
ဖျစ်ညှစ်ထားတဲ့ နှလုံးသားအစုံမှာ
အမာရွတ်တွေတောင်ထပ်နေပြီ

Tuesday, January 20, 2009

အရိပ်လေးတစ်ပြောက် ရေကြည်လေးတပေါက်
ဘာမှမပြောပလောက်ပေမဲ့ တဒင်္ဂပဲဖြစ်ဖြစ်
ရွက်နုဝေေ၀ ရှိစေလို၍ချွေမိဆုတောင်း
သူလျှင်တောင်းကရိပ်ကောင်းတမျှပေးလိုသည်။