လာလည်အုံးနော်

လာလည်နော်
Showing posts with label Appreciation. Show all posts
Showing posts with label Appreciation. Show all posts

Friday, September 26, 2008

တန်ဖိုးထားပါ

သင့်ကို ချစ်ခင်သူ တစ်စုံတစ်ယောက်သင့်မှာရှိပါသလား
သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် ဇနီးခင်ပွန်း တစ်ယောက်
ဘ၀ရဲ့အခက်အခဲအလုံးစုံကို ဖြတ်သန်းပါရစေ
သင့်အပေါ်မှာ သစ္စာရှိလေသူ တစ်စုံတစ်ယောက် သင့်မှာရှိပါသလား
ခွင့်လွှတ်အနစ်နာခံတာတွေ ကြင်နာမှုတွေ မညည်းမညူ လုပ်ကိုင်ပေးတာတွေ
သူတို့ကသင့်အတွက် ဆောင်ရွက်ပေးခဲ့တဲ့ သည်အရာလေးတွေကို
သည်အတိုင်းဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့သင်သဘောထားပါသလား
သင့်ထံရောက်ရှိလာတဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း သည်အတိုင်းဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့သင်သဘောထားပါသလား
သင်မှတ်ယူထားပါသလား
ဒီလိုဆိုရင်ချီးမွမ်းစကားဆိုရတာ ကျေးဇူးစကားပြောရတာဟာ
လွယ်ကူတဲ့ကိစ္စတစ်ရပ်ဆိုတာကို သင်အမှတ်ရလိုက်ပါ
တစ်စုံတစ်ယောက်က တမ်းတကောင်းတမ်းတနေနိုင်တဲ့အပြုံးတစ်ပွင့်ဝေရတာ အနမ်းတစ်ပွင့်ပိုချွေရတာကလည်း ဘာမှမခက်ခဲဘူးဆိုတာ
သတိရလိုက်ပါ
သင့်မှာဂုဏ်ခံနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေသဘာဝကျတဲ့ခံစားချက်ကို ထုတ်ပြရမှာများ သင်စိုးရွံ့နေပါသလား
မေတ္တာစကားတွေကို ဒီနေ့ကစဆိုပါ
သေလွန်ပြီးမှ နှုတ်ဆိတ်နေတဲ့ဓာတ်ပုံတွေကိုကြည့်ကာ
စကားပြောနေလို့ဘာမှအကျိုး ရှိမလာနိုင်ပါ
ချစ်ခြင်း မေတ္တာဆိုတာ အသက်ရှင်စဉ်မှာ ဖော်ပြသင့်တဲ့အရာ၊ အုတ်ဂူကမ္မည်းစာထဲမှာသာရေးထိုးသင့်တဲ့အရာမဟုတ်ပါ။