လာလည်အုံးနော်

လာလည်နော်
Showing posts with label Hot Item. Show all posts
Showing posts with label Hot Item. Show all posts

Thursday, July 2, 2009

ဒီနေ့တနေ့တာ


မျက်နှာဖုံးများမှာ 5% သာကာကွယ်မှုပေးနိုင်သဖြင့်
ရာနှုန်းပြည့်ကာကွယ်ရန် နှာခေါင်းနှင့် ပါးစပ်ကို
အပ်ချည်ကြိုးနှင့်သီထားကြပါရန်
-အောက်စီဂျင်ဘူးပါသောရေငုပ်ဝတ်စုံများ ဈေးတက်ဖွယ်ရှိကြောင်း
-ဘိစပ်ရွက် သိုလှောင်မှုများမြင့်တက်လာဖွယ်ရှိကြောင်း
-ဘတ်စ်ကားစပယ်ယာများမှ အဓိက သားကောင်ဖြစ်လာနိုင်သဖြင့်
စပယ်ယာရှားပါမှု ကြုံတွေ့ရနိုင်ကြောင်း
-ထို့ကြောင့် တလပြတ် စပယ်ယာ ဖြစ်သင်တန်းများ ထွန်းကားလာနိုင်ဖွယ်ရှိကြောင်း
-ကောင်မလေးများမှာ မျက်နှာပေါ်တွင် နှုတ်ခမ်းနီဖုံးစရာ
မိတ်ကပ်ဖို့စရာ နည်းပါးသွားပါသဖြင့် အလှကုန်ပစ္စည်းများ အရောင်းထိုင်းနိုင်ကြောင်း
-သို့သော် စိတ်ဖြေသည့်အနေဖြင့် အ၀တ်အစားများကို ယခင်ထက်
ပိုပေါ်လွင်အောင် ၀တ်ဆင်လာနိုင်သဖြင့် အမျိုးသား သရေခံများ အရောင်းသွက်နိုင်ကြောင်း
-ရုပ်နာသည့် ဘဲရွဲများမှာလဲ ယခုရက်ပိုင်းအတွင်း အမြန်အစွံထုတ်ကြဖွယ်ရှိကြောင်း
-ရုပ်ရှင်ရုံများတွင်လည်း မှောင်မှောင်ထဲတွင် အတွဲမှားယွင်းမှုများနှင့် ကြုံနိုင်ကြောင်း
-ထို့ကြောင့် အွန်လိုင်းပေါ်တက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း
မခိုင်လုံသည့် ခနော်နီ ခနော်နဲ့ အတင်းရပ်ကွက်မှ စပ်စုခဲ့ပါသည်။
ပုံဏားလေး

ဆိုပြီး ဂျီတော့ကနေ ၀င်လာလို့ သိစေရန်ဆိုပြီး ပို့စ်တင်လိုက်ပါတယ်
Mask တွေကို တခု ၅၀ ကနေ ၃၀၀ ဖြင့်ရောင်းတာတောင် မလောက်ငပဲပစ္စည်းပြတ်လတ်မှုဖြစ်နေပြီး စိတ်ဝင်စားအခံရဆုံး Products ဖြစ်လို့နေပါတယ်
၁၀ယောက်မှာတယောက်တော့ တပ်နေကြပြီး ဘတ်စ်ကားတွေပေါ်မှာတော့တပ်ကြတာ အများဆုံးဖြစ်နေပြီး
တချို့ချစ်သူစုံတွဲတွေကတော့ ဖက်ရှင်တခုအနေနဲ့ mask ကို လက်ဆောင်ပေးကြ အတူတပ်တာတွေတောင်ဖြစ်ကုန်ပါပြီ
ကဲ အပေါ်မှာပါတဲ့အတိုင်း တော့ဖြစ်လာချေရှိနေပြီမို့ဆင်ခြင်သတိရှိအပ်ကြပေကြောင်း .....။။