လာလည်အုံးနော်

လာလည်နော်

Monday, February 2, 2009

မရှိမဖြစ် ဒုက္ခအိုးလေးများနှင့် သူမ

မရှိမဖြစ် ဒုက္ခအိုးလေးများနှင့် သူမ

ကျွန်မရဲ့ Gtalk Message မှာ

(ကျွန်မရဲ့  ဒုက္ခအိုးလေး...၂ အိုး... + ဒုက္ခအိုးလေး... အိုး = ဒုက္ခအိုး၅ အိုး ရှိပါသည်။ ကြိုကြားကြိုကြား ပေးဆပ်နေရတဲ့ ဒုက္ခအိုးလေးများလဲရှိသည် ဥပမာ အမျိုးများ နှင့် ext: တို့ဖြစ်ကြသည်။)ဆိုတဲ့
Messageနဲ့ပတ်သက်ပြီး သူငယ်ချင်းတယောက်က
ဤသို့ဆိုလာပါသည်

"ဟယနင့်မှာဒုက္ခအိုးတွေကလဲများလိုက်တာ
ငါ့ကိုတအိုးလောက်ပေးပါလား"

ကျွန်မအတွေးတွေဝါးသွားသည်။
သူကဆက်ပြောသည်

"ဒီလိုလုပ်အငယ်ဆုံးအိုးလေးငါ့ကိုပေးပါလား"

မဆိုင်းမတွပြန်ဖြေဖြစ်သည်

"အဲ မလုပ်ပါနဲ့ အဲဒါ ငါ့အနာဂတ်၊ ငါ့အလင်းရောင် ငါအချစ်ဆုံးအိုးလေးဟ"

သူကထပ်ပြောပြန်သည်

"ဒါဆို ဒုတိယဒုက္ခအိုးလေးပေး" တဲ့

စဉ်းစားချိန်တောင်မရ ကပျာကရာပြန်ပြောရသည်

"အဲ ပေးလို့မရဘူးဟ
သူကငါ့ဘ၀၊ ငါ့ရဲ့ သက်ဆုံးတိုင်လက်တွဲဖော် ငါ့အိပ်မက်ရဲ့ မရှိမဖြစ်ဟ"

ဟင်း.......သူသက်ပျင်းရှည်ကြီးချပြီး

"ဒါဆိုလဲငါကမိဘတွေမရှိတော့ဘူး အဲဒီအိုးလေးတွေပေး ကဲဘယ်လိုလဲ".....တဲ့

ကျွန်မက..

"အဲဒါလေးတွေလဲမလုပ်ပါနဲ့ သူတို့ကြောင့်ငါဘ၀ကြီးမှာမျှော်လင့်ချက်ခွန်အားတွေနဲ့
အဓိပ
ယ်ရှိရှိရှေ့ ဆက်လို့ရနေတာ
မရဘူးမရဘူး မပေးနိုင်ဘူး လို့ခါးခါးသီးသီးငြင်းလိုက်တယ်"

သူစိတ်ပျက်သွားပုံရသည်...

မောပန်းသွားပေမဲ့ အားမလျှော့သော လေသံနဲ့...

"ကဲဒါဆိုလဲ.... Ext: ထဲကဒုက္ခအိုးလေးတအိုးအိုး..ဟိုး...ဟိုး."...........

ပဲရှိသေးတယ်...

"ကျွန်မက.....အာ..မရဘူး..မရဘူး..
ဘယ်အိုးမှမပေးနိုင်ဘူး သူတို့တွေကလဲ

ငါ့ရဲ့ အခက်အခဲတွေ၊ ရင်ထဲကစကားသံတွေဝေမျှနားလည်ပေးနေကြတဲ့သူတွေ

မရဘူး
"...
"တော်ပြီထပ်မတောင်းနဲ့တော့"

လို့အလန့်တကြားအော်မိလိုက်တယ်....

ဘာလို့ဒုက္ခအိုးလေးတွေကိုမှလိုချင်ရတာလို့ဆိုတော့
သူက
.......

"ငါ့မှာ မိဘမရှိ မောင်နှမသားချင်းကလဲမရှိ
တိုင်ပင်စရာဘ၀ကြင်ဖော်ကလဲမရှိ

ကြည်နူးမှုတွေနဲ့အင်းအားဖြစ်မယ့်မွေခံထိုက်သူလဲမရှိ

ဝေမျှခံစားပေးမယ့် မိတ်ဆွေသူငယ်ချင်းကလဲမရှိလေတော့

မင်း
Gtalk Message မှာရှိနေတဲ့ဒုက္ခအိုးလေးတွေကို
..
မင်းမလိုချင်ဘူးထင်လို့တောင်းမိတာပါ"....တဲ့

ကျွန်မ..သူကို တော်တော်လေး အားနာသနားသွားမိသည်....
ဒါပေမဲ့လဲ ကျွန်မရဲ့ ဒုက္ခအိုးလေးတွေတော့ မပေးနိုင်ခဲ့ပါဘူး
...
တခုတော့ ပေးနိုင်မယ်ထင်ပါသည်
သူသာလက်ခံမယ်ဆိုရင်
ကျွန်မသူ့အတွက် အခက်အခဲတွေ ဝေမျှခံစားပေးမယ့်

သူငယ်ချင်းကောင်း ဒုက္ခအိုးလေးတော့ လုပ်ပေးနိုင်ပါလိမ့်မည်။

ကျွန်မအတွက်တော့ သူတို့တွေက ကျွန်မချစ်သော
၊ ချိုမြိန်သော
ဒုက္ခအိုးလေးတွေသာ ဖြစ်တော့သည်။

ဒီလိုနဲ့ ကျွန်မ
Gtalk Message ကို
(ကျွန်မရဲ့ ချစ်သော ဒုက္ခအိုးလေး..၂ အိုး... + ဒုက္ခအိုးလေး..3 အိုး = ဒုက္ခအိုး၅ အိုး ရှိပါသည်။
ကြိုကြားကြိုကြား ပေးဆပ်နေရတဲ့ ဒုက္ခအိုးလေးများလဲရှိသည်
ဥပမာ အမျိုးများ နှင့် ext: တို့ဖြစ်ကြသည်။)
လို့ ပြင်ရေးပြီး တင်လိုက်မိပါတော့သည်။