လာလည်အုံးနော်

လာလည်နော်

Wednesday, December 31, 2008

အမှတ်တရနှစ်သစ်မင်္ဂလာ

သမရိုးကျ New Year ညလေးဆိုပေမယ့် အမှတ်တရတွေကျန်ခဲ့ပါတယ်...
သီးစုံဝိုင်ငံငံလေးသောက်(မြကေခိုင်ဆားငံသီးအဆီပုလင်းလိုက် ထည့်မိပါသည်။)
အကင်၊ ကင် Hot Pop ချက်၊ ငါး တွေပုံပျက်ပန်းပျက်ဖြစ်အောင်ကင်ရင်း
၂၀၀၈ ရဲ့နောက်ဆုံး ညလေးကို နူတ်ဆက်ခဲ့ကြတယ်။
သီးစုံဝိုင်ငံငံလေးသောက်ရင်း (တစ်ခွက်နဲ့ တင် မှောက်ရပါလား မေမြို့ က
မေမြို့ဝိုင်ရယ်)လို့ပြောပြီးစောစောစီးစီးမှောက်သွားသူတယောက်လဲရှိပါတယ်။
အမှတ်တရတခုကတော့ အဖွဲ့နဲ့အတူမပါနိုင်ခဲ့တဲ့ သူ(၂)ယောက်ရှိပါတယ်။
သူတို့ဆီ ဖုန်းနဲ့ happy new year လှမ်းလုပ်ကြပါတယ်
ph လာကိုင်တဲ့အချိန် နားကွဲအောင် သာယာလှသော အသံပေါင်းစုံနဲ့
အားပါးတရနုတ်ဆက်လိုက်ပါတယ်။ ပြီးမှသိရတာက ၅၉၀ နဲ့ စတဲ့ဖုန်းကို
၅၄၀ ဆိုပြီး ဆက်ခဲ့မိတာပါ. (တောင်ဒဂုံနဲ့ တာမွေ နဲနဲလေးကပ်လွဲသွားတာပါ) .....
(ဘာပဲပြောပြော.. မေတ္တာ အပို့ခံရမှာတော့သေချာပါတယ်... :D )
၂၀၀၉ ရဲ့နေ့သစ်မှာတော့ အားလုံး စုပြီး နောက်ပြန်ပြေးပွဲလုပ်ဖြစ်တယ်။
Frist prize က ၂၀၀၀၀ ကျပ်ပါ Second Prize က ၇၀၀၀ ကျပ်နဲ့
Third Prize က ၃၀၀၀ ကျပ်ပါ။ အားလုံး (၁၃) ယောက်မှာ
ပလက်လန်လဲပြီး ဒူးပြဲ၊ လက်ပြဲသူ(၃)ဦး။ နောက်ပြန်ပြေးရာတည့်တည့်မပြေးပဲ
၉၀ ဒီဂရီစောင်းပြီး ကွေ့ကောက်ပြေးသူ (၅) ဦး။ နောက်ဆုံးမှပန်းဝင်ခဲ့သူ
(၂) ဦး နှင့် ပထမ၊ ဒုတိယ၊ တတိယ အသီးသီးရရှိခဲ့ကြပါတယ်။
နောက်ထပ်ပြိုင်ပွဲတခုကတော့ ထိုင်ခုံလုတာပါ။
ပွဲမှမစရသေးဘူးထိုင်ခုံကနေထခိုင်းလို့မရအောင်နေရာယူထားကြလို့မနဲထခိုင်းရပါတယ်။
ဟိုဘိုးတော်ကြီးကိုတောင်သတိရမိပါတယ်။ (သေရင်တောင်ရာဇပလ္လင်ကိုသင်္ချိုင်းယူသွားမယ့်သူလေ)
ကဲ ထိုင်ခုံလုတာဘယ်သူရသွားတယ်တယ်ထင်ပါလဲ။?
သီးစုံဝိုင်ငံငံလေးသောက်ရင်း (တစ်ခွက်နဲ့ တင် မှောက်ရပါလား မေမြို့ က Maymyo wine ရယ်)
လို့ပြောပြီးစောစောစီးစီးမှောက်သွားတဲ့သူပါ။

ပျော်စရာညလေးတညကို ပျော်စေချင်သောဆန္ဒနဲ့ဝေမျှရင်း....... မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

Friday, December 5, 2008

ကြိုက်လွန်းလို့မှတ်ထားသမျှ စာပေအဟာရ

ကြိုက်လွန်းလို့မှတ်ထားသမျှ စာပေအဟာရ

လာချင်တဲ့သူလာတာ ၀မ်းသာတယ် နေနိုင်သလောက်နေတာ တန်ဖိုးထားတယ် သွါးရမယ်ဆိုလည်း မပိတ်ပင်ဘူး
ဆရာတော်ဦးဇောတိက (သတိဆိုတဲ့နေအိမ်)

အောင်မြင်ဖို့ - အာရုံစူးစိုက်ခြင်း
- တာဝန်ယူတတ်သောစိတ်ရှိခြင်း
- ဆုံးဖြတ်ချက်ခိုင်မာခြင်း
- လိုအပ်သမျှပြောင်းလဲလုပ်ကိုင်နိုင်ခြင်း
- အနာဂတ်မျှော်မှန်းချက်ပန်းတိုင်ရှိခြင်း
- ဇွဲရှိခြင်း
- တောင်းသင့်တောင်းထိုက်တာကိုတောင်းခြင်း
- နံနက်တိုင်းအောင်မြင်ရမည်ဟူသောခံယူချက်နှင့်နိုးထခြင်း
ဆရာဖေမြင့် (နှလုံးသားအဟာရ)

ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်မရရင်၊ လုပ်ရတဲ့အလုပ်ကိုလုပ်ချင်စိတ်မွေး
ဆရာဖေမြင့် (နှလုံးသားအဟာရII)

- ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သောပစ္စည်း၊ အခွင့်အရေးတို့ကို မမက်မောခြင်းပင်ဖြစ်သည်။
- ကောင်းသည်ဆိုသည်မှာ စာရိတ္တနှင့်သက်ဆိုင်၍ တော်သည်ဆိုသည်မှာ လူစွမ်းဉာဏ်စွမ်းနှင့်သက်ဆိုင်သည်။
- လောကကြီးမှာ သူများခိုင်းတာကို ကျိုးနွံစွာ ခံယူတတ်မှ ကိုယ်ကသူများကိုခိုင်းနိုင်တဲ့အဆင့်ကိုရောက်မည်။
ဆရာအောင်သင်း(အတွေးစကား)

"ကိုယ်မြတ်နိုးတဲ့သစ်ပင်၊ ကိုယ်မြတ်နိုးတဲ့သူ
တစ်စုံတစ်ယေက် မှန်ကန်စွာ ကြီးပြင်းရင့်ကျက်အောင်
ပျော်ရွှင်ကျေနပ်အောင်၊ တင့်တယ်လှပအောင်၊ မြင့်မြတ်အောင်
အရိပ်တကြည့်ကြည့် ဂရုစိုက်စစ်ဆေးပြီး
လိုအပ်ချက်မှန်သမျှ နားလည်သိတတ်စွာ
ဖြည့်စွမ်းပေးတဲ့ အတတ်ပညာဟာအချစ်ပါပဲ"