လာလည်အုံးနော်

လာလည်နော်

Friday, December 5, 2008

ကြိုက်လွန်းလို့မှတ်ထားသမျှ စာပေအဟာရ

ကြိုက်လွန်းလို့မှတ်ထားသမျှ စာပေအဟာရ

လာချင်တဲ့သူလာတာ ၀မ်းသာတယ် နေနိုင်သလောက်နေတာ တန်ဖိုးထားတယ် သွါးရမယ်ဆိုလည်း မပိတ်ပင်ဘူး
ဆရာတော်ဦးဇောတိက (သတိဆိုတဲ့နေအိမ်)

အောင်မြင်ဖို့ - အာရုံစူးစိုက်ခြင်း
- တာဝန်ယူတတ်သောစိတ်ရှိခြင်း
- ဆုံးဖြတ်ချက်ခိုင်မာခြင်း
- လိုအပ်သမျှပြောင်းလဲလုပ်ကိုင်နိုင်ခြင်း
- အနာဂတ်မျှော်မှန်းချက်ပန်းတိုင်ရှိခြင်း
- ဇွဲရှိခြင်း
- တောင်းသင့်တောင်းထိုက်တာကိုတောင်းခြင်း
- နံနက်တိုင်းအောင်မြင်ရမည်ဟူသောခံယူချက်နှင့်နိုးထခြင်း
ဆရာဖေမြင့် (နှလုံးသားအဟာရ)

ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်မရရင်၊ လုပ်ရတဲ့အလုပ်ကိုလုပ်ချင်စိတ်မွေး
ဆရာဖေမြင့် (နှလုံးသားအဟာရII)

- ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သောပစ္စည်း၊ အခွင့်အရေးတို့ကို မမက်မောခြင်းပင်ဖြစ်သည်။
- ကောင်းသည်ဆိုသည်မှာ စာရိတ္တနှင့်သက်ဆိုင်၍ တော်သည်ဆိုသည်မှာ လူစွမ်းဉာဏ်စွမ်းနှင့်သက်ဆိုင်သည်။
- လောကကြီးမှာ သူများခိုင်းတာကို ကျိုးနွံစွာ ခံယူတတ်မှ ကိုယ်ကသူများကိုခိုင်းနိုင်တဲ့အဆင့်ကိုရောက်မည်။
ဆရာအောင်သင်း(အတွေးစကား)

"ကိုယ်မြတ်နိုးတဲ့သစ်ပင်၊ ကိုယ်မြတ်နိုးတဲ့သူ
တစ်စုံတစ်ယေက် မှန်ကန်စွာ ကြီးပြင်းရင့်ကျက်အောင်
ပျော်ရွှင်ကျေနပ်အောင်၊ တင့်တယ်လှပအောင်၊ မြင့်မြတ်အောင်
အရိပ်တကြည့်ကြည့် ဂရုစိုက်စစ်ဆေးပြီး
လိုအပ်ချက်မှန်သမျှ နားလည်သိတတ်စွာ
ဖြည့်စွမ်းပေးတဲ့ အတတ်ပညာဟာအချစ်ပါပဲ"

1 comment:

NangNyi said...

ကိုယ်မြတ်နိုးတဲ့သစ်ပင်၊ ကိုယ်မြတ်နိုးတဲ့သူ
တစ်စုံတစ်ယေက် မှန်ကန်စွာ ကြီးပြင်းရင့်ကျက်အောင်
ပျော်ရွှင်ကျေနပ်အောင်၊ တင့်တယ်လှပအောင်၊ မြင့်မြတ်အောင်
အရိပ်တကြည့်ကြည့် ဂရုစိုက်စစ်ဆေးပြီး
လိုအပ်ချက်မှန်သမျှ နားလည်သိတတ်စွာ
ဖြည့်စွမ်းပေးတဲ့ အတတ်ပညာဟာအချစ်ပါပဲ ..

ဟီး.. ဟုတ်လား