လာလည်အုံးနော်

လာလည်နော်

Sunday, November 30, 2008

အနုပညာ

အနုပညာ

ကဗျာဆရာ၊ စက္ကူပြာဝယ်
လင်္ကာလက်ရေး၊ စိတ်အတွေးနှင့်
တမှေးအိပ်စက်နေလေပြီ….။

ပန်းချီဆရာ၊ ရွှေရုပ်လွှာဝယ်၊
နီပြာ ၀ါဆေး၊ စိတ်အတွေးနှင့်
တမှေးအိပ်စက်နေလေပြီ…။

ဂီတဆရာ၊ တေးပန်တျာဝယ်
သံသာချိုအေး၊ စိတ်အတွေးနှင့်
တမှေးအိပ်စက်နေလေပြီ…။

အိပ်စက်ခြင်းတွင်၊ အသက်ရှင်လျှက်
ဝိညာဉ်နှလုံး၊ ပုလဲကုံးကို
ပန်းဖုံးဝှက်ကာ၊ ကလာပ်ကြာဖြင့်
ကမ္ဘာဘုံခွင်၊ အလှဆင်သည်
သန့်ဇင်မွန်မြတ် ပါပေတကား…။

ကြည်အောင် (စိတြ ကဗျာများ)

ရင့်ကျက်သူ

ရင့်ကျက်သူ

မိုးကိုမြင်လျှင်
ကြယ်စင်နှင့်တွေ့
မြေကိုမေ့ကြ…။

မြေကိုကြည့်လျှင်
ပန်းပင်နှင့်တွေ့
မိုးကိုမေ့ကြ…။

ငါတမုကား
မိုးမြေကြားဝယ်
ကြယ်များလည်းဖြစ်
ပန်းလည်းဖြစ်အံ့
ချစ်မူလည်းပန်
မေ့လျှင်ချန်လော့
ပန်လည်းမပျော်
မေ့သော်မပူ
ရင့်ကျက်သူသည်
မိုးမြေမျှတည်ငြိမ်ပြီ..။

မောင်စွမ်းရည် (စိတြ ကဗျာများ)

Saturday, November 15, 2008

“ အကယ် ၍”




ဒီကဗျာလေးကို မြန်မာပြန်ထားပေးခဲ့တဲ့ လေးစားရသော အန်တီစုနှင့်ကဗျာရဲ့ ရည်ရွယ်ချက်လေးကို နှစ်သက်လွန်းလို့ မူရင်းကဗျာလေးနဲ့ ကဗျာဆရာကိုရှာဖွေဖော်ပြပေးထားပါတယ် ....

IF.....



IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!




Modern History Sourcebook: Rudyard Kipling: If
http://www.youtube.com/watch?v=wpcNFll5yOM
http://www.fordham.edu/halsall/mod/kipling-if.html

Kipling wrote If with Dr Leander Starr Jameson in mind. In 1895, Jameson led about 500 of his countrymen in a failed raid against the Boers, in southern Africa. What became known as the Jameson Raid was later cited as a major factor in bringing about the Boer War of 1899 to 1902. But the story as recounted in Britain was quite different. The British defeat was interpreted as a victory and Jameson portrayed as a daring hero.

“ အကယ် ၍”

အကယ် ၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင် …

အကယ် ၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် …

အကယ် ၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရားမုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် …

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင် …

ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် …

အကယ် ၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် …

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်ဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …

အကယ် ၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် …

အကယ် ၍
မင်းရဲ့အမှန်တရားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …

အကယ် ၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့်ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင် …

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …

ပြီးတော့တခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …

အကယ် ၍
သူများတကာလုပ်ပြီးသွားကြလို့

အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်ထဲပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် …

အဲဒီလိုပဲ
မင်းမှာစိတ်ဓာတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် …

အကယ် ၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင် …

အကယ် ၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် …

အကယ် ၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …

အကယ် ၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္က့န်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် …

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလဲ
ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့ ……

(Kiplin ရဲ့ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်၊)