လာလည်အုံးနော်

လာလည်နော်

Monday, May 25, 2009

Sunday, May 10, 2009

အမေနေ့ ... အမေသို့ပေးစာ


ဓာတ်ပုံအတွက် http://www.irrawaddy.org ကိုကျေးဇူးပါ
တချိန်ကဒီနေရာမှာ ပန်းချီသင်တန်းတွေဖွင့်ခဲ့တယ် အခမ်းအနားတွေလုပ်ခဲ့တယ် အမှန်တရားတွေလွတ်လပ်စွာပြောခွင့်တွေရခဲ့တယ် အင်အားပြည့်တဲ့အမှန်စကားတွေ နာကြားခွင့်ရခဲ့တယ်
(၁၉၉၆ ခုနှစ် ) ဟိုးတချိန်က အင်ယားကန်ရေပြင်ကတိုက်လာတဲ့လေနုအေးကို ခံစားရင်း အမေရဲ့ အိမ်ဘေးအပင်အောက်မှာဖျာခင်း၊ စားပွဲဝိုင်းလေးချလို့ ပန်းချီသင်တန်းတက်ခဲ့တယ် အမေ့ခြံထဲကရေခရားလေးတွေ ပိန်းပန်းအိုးအကွဲလေးတွေ သောက်ရေအိုးလေးတွေက ပန်းချီကားချပ်တွေဖြစ်ခဲ့တယ်
အမေရယ်လေ ဘေးကထိုင်ရင်း ကြည့်ခဲ့တယ် ပြောခဲ့တဲ့စကားလေးလဲအမှတ်ရပါတယ် လူငယ်တွေ ကလေးတွေကို
ပန်းချီသင်စေတာ မကြောက်တတ်အောင် ရဲရင့်အောင် တဲ့ စုတ်ချက်တွေခံစားချက်အတိုင်းလွတ်လပ်စွာရေးပါစေတဲ့ အမေရဲ့ခံယူချက်တွေလေ..။ အခြေခံသာသင်ခဲ့ရတဲ့တိုတောင်းသောဒီပန်းချီသင်တန်းလေးကို အမေက တခမ်းတနားသင်တန်းဆင်းပေးရင်း ပန်းချီပြပွဲလေးလုပ်ပေးခဲ့တယ် ။ ပန်းချီကားတွေကိုဝယ်လိုတဲ့သူတွေကို လဲရောင်းခွင့်ပေးခဲ့တယ် မှတ်မှတ်ရရပါ အမေ..။ အမေပေးခဲ့တဲ့ ဖယောင်းရောင်စုံခဲ့တံလေးနဲ့ ဆွဲထားတဲ့ အမေ့ပုံလေးကို ၅၀၀ကျပ်နဲ့ ၀ယ်သွားတယ် မှတ်မှတ်ရရ ပြန်လှူဖြစ်ခဲ့တယ် မတရားအကျဉ်းကျခံနေတဲ့သူတွေအတွက်ပေါ့
မှတ်မှတ်ရရပါ အမေရယ် အခုဒီနေရာလေးက ပြုပြင်မှုမဲ့စွာနဲ့ အထီးကျန်နေတယ် အမေကတော့အားလုံးအတွက် အားမာန်အပြည့်နဲ့ အထီးကျန်နေ့ရက်တွေကိုသည်းခံခြင်းတွေနဲ့ အောင်မြင်စွာကျော်လွှားနေမှာပါလေ.. အမေ.. အမေမရှိလို့မဖြစ်ဘူးအမေ ကမ္ဘာကိုတုန်ဟီးမယ်အားမာန်တွေနဲ့အမှန်တရား အတွက်ဖိနှိပ်ခံနေရတဲ့သူတွေအတွက် မြန်မာပြည်သူတွေအတွက် အားနည်းနေတဲ့ လက်အစုံတွေအတွက် အမေက မျှော်လင့်ချက်အလင်းရောင်လေးပါ အမေ.. တခုတည်းသောအားကိုးရာပါ..
အမေနေကောင်းပါစေလို့ဆန္ဒပြုရင်း.. အမေနေ့မှတ်မှတ်ရရ .....။
အမေ့ကိုအစဉ်လေးစားလျှက်