လာလည်အုံးနော်

လာလည်နော်

Sunday, November 30, 2008

ရင့်ကျက်သူ

ရင့်ကျက်သူ

မိုးကိုမြင်လျှင်
ကြယ်စင်နှင့်တွေ့
မြေကိုမေ့ကြ…။

မြေကိုကြည့်လျှင်
ပန်းပင်နှင့်တွေ့
မိုးကိုမေ့ကြ…။

ငါတမုကား
မိုးမြေကြားဝယ်
ကြယ်များလည်းဖြစ်
ပန်းလည်းဖြစ်အံ့
ချစ်မူလည်းပန်
မေ့လျှင်ချန်လော့
ပန်လည်းမပျော်
မေ့သော်မပူ
ရင့်ကျက်သူသည်
မိုးမြေမျှတည်ငြိမ်ပြီ..။

မောင်စွမ်းရည် (စိတြ ကဗျာများ)

No comments: