
ဘယ်သူမှနှောင်ဖွဲ့ခြင်းမရှိပဲ
တင်းကျပ်စွာ ကိုယ်တိုင်ရစ်ပတ်ထားခဲ့တယ်
ဖြေလျှော့စရာရှိတာတောင် ဟင့်အင်း လို့ကိုယ်ငြင်းခဲ့တယ်
တဒင်္ဂတောင်တွေဝေဖို့ ကိုယ်မစဉ်းစားကြည့်မိဘူး
တခါတခါ နာကျင်ခဲ့ တယ် ပျော်ရွှင်ခဲ့တယ် အင်းအားဖြစ်ခဲ့တယ်
လွင့်ချင်တိုင်းမျောလွင့်ခွင့်မရှိအောင်ချည်နှောင်ထားခဲ့တယ်
ဒီလိုနဲ့
တရစ်ပြီးတရစ်နှောင်
တကြိုးပြီးတိုးတဲ့ဒီကြိုးတွေနဲ့
ဖျစ်ညှစ်ထားတဲ့ နှလုံးသားအစုံမှာ
အမာရွတ်တွေတောင်ထပ်နေပြီ
1 comment:
Post a Comment